သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့အနီးရှိ ထန်းပင်ဂွေ့အရှေ့ကျေးရွာ အ.ထ.ကခွဲ ကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ဖို့အတွက် မိတ်ဖက်ဌာန များနှင့်အတူ (၄.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ထန်းပင်ဂွေ့ ထ-ခွဲမှ ကျောင်းသား/ ကျောင်းသူများကို အသိပညာပေး ဟောပြောပွဲပြုလုပ် ကျင်းပခဲ့ ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ထနီးကျေးရွာ အခြေခံပညာမူလွန် ကျောင်းတွင် စားသုံးသူအခွင့်အရေးဦးစားပေးသိရှိနိုင်ဖို့ စားသုံးသူကာကွယ်ရေး လူငယ်အသိ ပညာပေးဟောပြောခြင်းကို မိတ်ဖက်ဌာနများနှင့်အတူ (၅.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန် တွင် အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရွှေမြင်တင်ကျေးရွာ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၆.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန် မှ (၁၂:၀၀)အချိန် ကျောင်းသား/ ကျောင်းသူများနှင့်ဆရာ/ ဆရာမများကို အသိပညာ ပေး ဟောပြော ပွဲပြုလုပ် ကျင်းပခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျုံတမာကျေးရွာ ထ-ခွဲကျောင်းတွင် လူငယ်အသိပညာပေးခြင်း၊ စားသုံးကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၅.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန် မှ (၁၁:၄၅)အချိန် ကျောင်းသား/ ကျောင်းသူများကို အသိပညာပေး ဟောပြောပွဲပြုလုပ် ကျင်းပခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ လူငယ်အသိပညာပေး ဟောပြောပွဲကို သဇင်ရေကျော်ကျေးရွာရှိ အ.ထ.က ကျောင်း၌ (၆.၂.၂၀၂၃) ရက်နေ့ နံနက် (၀၉:၄၅)အချိန် မှ (၁၁:၄၅)အချိန် ကျောင်းသား/ ကျောင်းသူများကို အသိပညာပေးဟောပြော ပွဲပြုလုပ်ကျင်းပခဲ့ ကြပါသည်။