သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ ခရိုင်များနှင့် မြို့နယ်များတွင် နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ ဆောင်ရွက်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံး အနေဖြင့် မုံရွာမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူးရုံး အနေဖြင့် ကလေးမြို
စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၈.၂.၂၀၂၃ ရက်နေ့ တွင် ပေါင်မြို့နယ်၊ အမက (ဇင်းဘာရပ်)မုတ္တမ ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
မုံရွာ၊ ဖေဖော်ဝါရီ ၇
ဝန်ထမ်းများအား လုပ်ငန်းခွင်၌ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် National Enlightenment Institute တို့ပူးပေါင်းကာဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု ကွန်ပျူတာသင်တန်းကို ၁.၂.၂၀၂၃ မှ ၇.၂.၂၀၂၃ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာသင်တန်းသား၊ သင်တန်းသူ ( ၁၇ ) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။ သင်တန်း၌ ရုံးလုပ်ငန်း လက်တွေ့အသုံးချကွန်ပျူတာအခြေခံ Word, Excel, Power Point, Email အသုံးပြုနည်းများကို သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။