သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနတို့နှင့်အတူ (၁၇.၂.၂၀၂၃) ရက်နေ့ (၀၉၃၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးခန်းမ၌ငါးလုပ်ငန်းရှင် (၂၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်အောင်သည် (၁၆-၂-၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ "PSK" သောက်ရေသန့်လုပ်ငန်းရှင်အိမ်၌ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဆောင်းသီးနှံပဲစိုက်တောင်သူများ၊ ပဲဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ပဲပွဲရုံနှင့် စက်မှုဇုန်အတွင်းရှိ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူတို့နှင့်ပူးပေါင်း၍ ပဲတီစိမ်းနှင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲအား ရန်ကုန် တိုင်းဒေသကြီး သန်လျင်ခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၁၇.၂.၂၀၂၃) နေ့လယ် (၁၄:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။
၁၅.၂.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် “Thursday Talk” အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ရပ်ရှိ ကြယ်ကိုးလုံးတံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။