Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် မြို့နယ်စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် ဖြူးမြို့နယ် စာရေးဆရာအသင်း နှစ်ပတ်လည်အစည်းအဝေး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

12 May 2022

                 စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး သည် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့်အတူ မေလ ၆ ရက် မွန်းလွဲ ၂ နာရီတွင် ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာမှ တောင်သူလယ်သမား ၃၀ ဦးအား ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်

12 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးမြင့်မားပြီး အာမခံချက်ရှိသော ကုန်စည်/ ဝန်ဆောင်မှုများ သုံးစွဲနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေးအတွက် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မေ (၂)ရက်၌ ညောင်ကုန်းအုပ်စု၊ ညောင်ကုန်းရွာတွင် လည်းကောင်း၊ မေ (၃)ရက်၌ ဇလဲ့အုပ်စု၊ ဘန့်ဘွေးကုန်

12 May 2022

      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကဏ္ဍအလိုက် သက်ဆိုင်သောဌာနများမှ ခရိုင်/မြို့နယ်အလိုက် ကျေးရွာအုပ်စုများအရောက် ကွင်းဆင်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးချုပ်က လမ်းညွှန်ခဲ့ပါသဖြင့် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်၍ ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်လျှက်ရှိပါသည

12 May 2022

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ စားသုံးဆီလုပ်ငန်းရှင်ကြီးများမှ စားသုံးသူကာကွယ်ရေးဉပဒေပါ ပြဌာန်းချက်များအား သိရှိလိုက်နာနိုင်စေရန်နှင့် စားသုံးဆီများအား သယ်ယူဖြန့်ဖြူးခြင်းဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်အား သိရှိလိုက်နာနိုင်စေရေး ရည်ရွယ်၍ မေလ (၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ပြည်ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ခရိုင်အတွင်းရှိ စားသုံးဆီ လုပ်ငန်းရှင်ကြီးများအား စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခြင်းဆေ

Pages