သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၂၇.၁.၂၀၂၃ ရက်နေ့၊ နေ့လည် (၁၄:ဝဝ) နာရီအချိန်တွင် တာမွေမြို့နယ်၊ ဒဂုဏ်ညွှန့်ဈေးရှိ ဈေးသူ/သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၆-၁-၂၀၂၃) ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်မှုဖွံ့ဖြိူးတိုးတက်ရေးအတွက် ဌာနပေါင်းစုံမှ ဝန်ထမ်းများနှင့်စုပေါင်း၍ ဟောပြောဆွေးနွေးခြင်းများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်မည့် အစီအမံများ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ လေးမျက်နှာအုပ်စု၊ လေးမျက်နှာကျေးရွာရှိ တန် (၂၀) ကျ ဆန်စက်၏ ကြိတ်ခွဲ၊ ထုတ်လုပ်တင်ပို့နေမှုအခြေအနေကို (၂၆-၁-၂၀၁၃) နေ့တွင် စက်ပိုင်ရှင်နှင့်တွေ့ဆုံပြီး ဒေသအလိုက်စက်လည်ပတ်နေမှုအား မေးမြန်းဆွေးနွေးခဲ့ပါသည်။