သတင်းနှင့် လှုပ်ရှားမှုများ
ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဆောင်သောဝန်ထမ်းများသည် (၂၁-၇-၂၀၂၂) ရက်နေ့တွင် ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးနှင့်မြို့မစျေးတို့တွင် စားအုန်းဆီမျာအား လက်လီ၊လက်ကားဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းမျာ းဆောင်ရွက်ခဲ့ပါသည်။ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မိမိတို့ဝန်ကြီးဌာနမှ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်ဦးစီးမှူး ဦးအေးကျော်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများသည် ၂၅-၇-၂၀၂၂ရက်နေ့ နေ့လယ် (၃:၀၀)နာရီအချိန်တွင် ကျောက်ဖြူမြို့တွင်းရှိ “7 TOP” ငါးမုန့်ပါပရာလုပ်ငန်းရှင်နှင့် “Snow White” ကိတ်မုန့်/ပေါင်မုန့် လုပ်ငန်းရှင်တို့အား တွေ့ဆုံ၍ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခြင်းခဲ့ပါသည်။
ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း (ဦးစီးအရာရှိ)ဦးဆောင်ပြီး၊ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင်(ဦးစီးမှူး)နှင့် ဦးဇော်မင်းဦး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၂-၇-၂၀၂၂)ရက် နေ့လည်(၁:၃၀)နာရီအချိန်တွင် စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက် အ လ က (၆) စာသင်ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိ သူများနှင့်အတူ ဇူလိုင်လ ၁၇ ရက်နေ့က ဆည်မြောင်းနှင့်ရေအရင်းအမြစ်စီမံခန့်ခွဲရေးဦးစီးဌာနက ကဒတ်မြောင်းချောင်းတူးဖော် ထိန်းသိမ်းခြင်းလုပ်ငန်းကို ကြည့်ရှုလေ့လာခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းဆောင်တာများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ ဥက္ကဌနှင့် ခရိုင်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များတွေ့ဆုံပွဲ အခမ်းအနားကို ဇူလိုင်လ(၂၂)ရက် နံနက်(၉:၀၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ Zoom Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။