Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 Jun 2022

            ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊မင်းပြားမြို့နယ်တာဝန်ခံ ဦးမောင်သန်းဝင်း  (ဒု-ဦးစီးမှူး)သည် ၆-၆-၂၀၂၂နေ့ နံနက်( ၉:၀၀) နာရီအချိန်တွင် မင်းပြားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လျှပ်စစ်ဝါယာရိန်းသင်တန်းဖွင့်ပွဲတွင် သင်တန်းသား (၂၀)ဦးနှင့် တက်ရောက်လာသည့်ဌာနဆိုင်ရာဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

09 Jun 2022

             စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့နယ်ဦးစီးမှူးရုံးခန်းမတွင် ၆.၆.၂၀၂၂ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ပြောင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြောင်းတင်ပို့ရောင်းချမှု ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

09 Jun 2022

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၆.၆.၂၀၂၂) နေ့နံနက် (၁၀:၀၀) နာရီအချိန်တွင်  မအူပင်မြို့နယ် ထနီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငါးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး  ဟောပြောဆွေးနွေးခဲ့ပါသည်။

09 Jun 2022

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအား ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် လုပ်ငန်းရှင်များအား မိမိတို့ထုတ်လုပ်သော ကုန်စည်များ၏ ကုန်အညွှန်း အမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံမှန်ကန်မှုရှိစေရေး အစဉ်တွန်းအားပေး ဆောင်ရွက်လျှက် ရှိပါသည်။

09 Jun 2022

           စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို မြှင့်တင်ကာ စက်မှုလုပ်ငန်းများ၊ စက်မှုဇုန်များတည်ဆောက်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ  ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၃ ရက် နံနက် (၉:၀၀) နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖ

Pages