သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဉီးစီးဌာနမှ ပြည်သူများကို မိမိတို့စားသုံးသူရေးရာအသိပညာ ဗဟုသုတများ သိရှိနားလည် တိုးတက်မှုများရရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ဟုမ္မလင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း(လ/ထကြီးကြပ်ရေးမှူး)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်မိုးနှောင်းတို့သည် ( ၂၅.၁.၂၀၂၃ ) ရက်နေ့၊ နံနက် ( ၁၁ : ၀၀ ) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီး
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျောက်စိမ်းအချောထည်လုပ်ငန်းရှင်များ အသင်းဥက္ကဌ အပါအဝင် အလုပ်အမှုဆောင် (၅)ဦးတို့နှင့် တွေ့ဆုံ၍ အသင်း၏လက်ရှိအခြေအနေ၊ ထုတ်လုပ်ရောင်းဝယ်မှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများကို မေး
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူးသော ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ( ၁း၀၀ ) နာရီအချိန်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးသည် မြိုနယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းအဖွဲ့နှင့်ပူးပေါင်း၍ (၂၄.၁.၂၀၂၃)ရက်နေ့ မွန်းလွဲ(၁၄:၃၀)နာရီက မြောင်းမြမြို့နယ် ဝဲကလေးကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် မုန့်မျိုးစုံ၊ ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟော ပြောဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၄.၁.၂၀၂၃)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီက ဝါးခယ်မမြို့နယ် ဘဲချောင်းကျေးရွာ အထက(ခွဲ)ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။