Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Feb 2023

        ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး  ဦးမင်းဇော်ဦးဆောင်သော ဝန်ထမ်းများသည် ဇန်နဝါရီလ (  ၂၂  )ရက်န့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ရှိစတိုးဆိုင်များအား COFFEE Shop (very good) တံဆိပ်ပါကော်ဖီမစ်ကဲ့သို့  အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများရှိ/ မရှိဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

01 Feb 2023

         ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး  ဦးမင်းဇော်ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဇန်နဝါရီလ (၂၃) ရက်န့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဖျာပုံမြို့တွင်းရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များတွင် စက်ဆီ၊ချောဆီများအား   ရေသန့်ဘူးများ၊ပြည်တွင်းထုတ်ဘူးများ၊ တရားမဝင်တင်သွင်းသည့်ကုန်အမှတ်တံဆိပ်များနှင့်ဆင်တူ  ရိုးမှားကပ်နှိပ်၍ အရည်အသွေးစံမမီသည့် စက်ဆီချောဆီများ ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်‌ဆေးခဲ့ပါသည်။

01 Feb 2023

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်တပင် (အ-မ-က)ကျောင်း၌ စားသုံးသူကာကွယ်အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။

01 Feb 2023

     ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

01 Feb 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ လွိုင်ကော် တက္ကသိုလ် Theatre ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက် ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင်လွိုင်ကော်တက္ကသိုလ်မှပါမောက္ခချုပ်၊ သရုပ်ပြဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။

Pages