သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်ဈေးကွက်အတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး ကုန်အ ညွှန်းအမှတ်အသားနှင့် သက်ဆိုင်သည့်အချက်အလက်များ သိရှိစေရေးအတွက် စားသုံးသူရေးရာဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ဦးစီးအရာရှိ)သည် 25.1.2023 ရက်နေ့ နံနက် 11:00နာရီ အချိန်တွင် ပြည်နယ်ဦးစီးမှူးရုံး၌ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်မှ ဝီဖိုးယုအမှတ်တံဆိပ် သောက်ရေသန့် ထုတ်လုပ်သူလုပ်ငန်းရှင် ဦးသန့်ဇင်ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၁၈)ရက်နေ့အချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ ကုန်မျိုးစုံလက်လီ/ လက်ကားရောင်းချသည့် ဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အဖွဲ့ဝင်(၅)ဦးဖြင့် COFFEE SHOP (very g
စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၅၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်း၌ မုန့်ဈေးတန်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)တို့သည် (၁၉.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီ တွင် မကွေးမြို့နယ် ပဌနဂိုရ်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့လည်းကောင်း၊ (၂၀.၁.၂၀၂၃) ရက်နေ့ (၁၃:၀၀)နာရီတွင် ပဌနဂိုရ်အုပ်စု၊ အင်ဦးကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်းသွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာ ပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနှင့်အဖွဲ့သည် (၁၉.၁.၂၀၂၃)နှင့် (၂၀.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မကွေးမြို့ပေါ်၌ ဈေးကွက်အတွင်း အများပြည်သူ သုံးစွဲလျက်ရှိသည့် အိမ်သုံးဆိုလာပြားများ ရောင်းချရာတွင် သင့်တင့်မျှတသော စျေးနှုန်းဖြစ်စေရေးနှင့် အများပြည်သူထိခိုက် နစ်နာမှုမရှိစေရေးအတွက် ရောင်းချလျက်ရှိသည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ (Solar panel, Solar Invertor, Solar Battery) အရောင်းဆိုင်(၆)အာ