Main menu

ချောင်းဆုံမြို့နယ် အ - ထ - က (ခွဲ) ကရင်ဝင်းစိန်ကျောင်း၌ မုန့်ဈေးတန်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၅၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်း၌ မုန့်ဈေးတန်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

        စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန်ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ကျောင်းသား/သူများ  ဘေးကင်းလုံခြုံမှုရှိစေရေး ကျောင်းမုန့်ဈေးတန်းစစ်ဆေးခဲ့ရာတွင်   ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ဖော်ပြသည့်အမှတ်အသား ထင်ရှားမှုရှိ/ မရှိ၊  ကုန်စည်များကို ရောင်းချရာတွင် ဘေးအန္တရာယ်ဖြစ်စေသည့်အစားအစာများ ရောင်းချမှုရှိ/ မရှိ၊ စားသုံးသူတို့အား လိမ်လည်လှည့်ဖြားမှုမရှိစေရန် ကျောင်းဈေးသည်များကိုလည်း အသိပညာပေးခြင်း၊ သတိပေးခြင်းနှင့် လိုက်နာရမည့်အချက်တို့အား ရှင်းလင်းဆောင်ရွက်ခြင်းပြုလုပ်ခဲ့ကြောင်း၊ ယခုတွေ့ရှိမှုအရ ရောင်းချလျက်ရှိသည့် အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းစစ်ဆေးခဲ့ရာတွင် သန့်ရှင်း၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များသာရောင်းချကြောင်းသိရှိရပါသည်။

DOCA(မွန်)