စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နံနက် (၁၀:၀၀) နာရီအချိန်တွင်၊ လွိုင်ကော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကိတ်မုန့်၊ ပေါင်မုန့်စသည့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၁၀)ဦးနှင့် အသိ ပညာပေးတွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးစီးအရာရှိ ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများကိုလည်းကောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများကတောင်းဆိုနိုင်သည့် အခွင့်အရေးများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသောစီးပွားရေးလုပ်ငန်းရှင်များကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
DOCA(ကယား)