သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ စားသုံးသူရေးရာဦးစီးဌာန ၊ပြည်နယ်ဦးစီးမှုးရုံးရှိ အစည်းဝေးခန်းမ၌ ကွမ်းသီး စိုက်ပျိူးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဖွဲ့စည်းရေး အခမ်းအနားကို ၂၀၂၂ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့ နေ့လယ် (၁)နာရီမှညနေ(၃)နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးဝင်းထွန်း၊ မွန်ပြည်နယ်စက်မှုအသင်း ဥက္ကဌဦးဝင်းထိန်၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်း ဥက္ကဌ ဦးအောင်မျိူးဦး၊ National Enlightenment Institute(NEI)အဖွဲ့အစည်းမှတ
စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ် ဇူလှိုင်လ (၂၅)ရက်နေ့ ၊နံနက်(၉း၃၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်းဈေးရှိ မုန့်မျိုးစုံဆိုင်များသို့ (၂၆.၇.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်၌ မုန့်ဆိုင်များအတွင်း ရောင်းချလျက်ရှိသော ကုန်စည်များအား ကုန်အညွှန်းအမှတ်သားဖော်ပြရမည်အချက်များ ပါဝင်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့၏ ပူးပေါင်း စီစဉ်မှုဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့က ကျင်းပပါခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စျေးတာဝန်ခံများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် (၀၉:၃၀) အချိန်တွင် သာစည်မြို့နယ် စျေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။