သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC)ခန်းမ၌ (၃၁.၁.၂၀၂၃) ရက်နေ့၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၂၂)ဦး တက်ရောက်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အစည်းအဝးခန်းမ၌ ၅.၂.၂၀၂၃ ရက်နေ့ ( ၀၉း၀၀ )နာရီအချိန်တွင် ကချင်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် တွေ့ဆုံပွဲကို စီးပွားရေးရာဝန်ကြီးဌာနလက်အောက်ရှိ ခရိုင်ဆင့်ဌာနဆိုင်ရာ(၈)ခုမှ အကြီးအကဲများနှင့် ဝန်ထမ်း များ တက်ရောက်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနနှင့် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် ထားဝယ်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂.၂.၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်၌ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့ ၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် မိတ္ထီလာမြို့ ကုန်သည်ကြီး များအသင်း ကုန်စည်ဒိုင်၌ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အမှုဆောင်ကုန်သည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်စုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ပါသည်။