Main menu

ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်စည်ဒိုင်အလုပ်အမှုဆောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့ ၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် မိတ္ထီလာမြို့ ကုန်သည်ကြီး များအသင်း ကုန်စည်ဒိုင်၌ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အမှုဆောင်ကုန်သည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှု‌ဆောင်အဖွဲ့ဝင်စုစုပေါင်း (၂၀)ဦးတက်ရောက်ခဲ့ပါသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးက ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနနှင့်ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်စည်ဒိုင်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန် စသည့် မှန်(၄)မှန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရည်အသွေး စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့၊ ဈေးနှုန်းသတ်မှတ်ရေးအဖွဲ့၊ ကုန်သွယ်ရေးအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ စသည့်အဖွဲ့များဖွဲ့ပြီး  ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြားကုန်စည်ဒိုင်များနှင့် သတင်းအချက်အလက်များကို  Network ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များက ကုန်စည်ဒိုင်အပေါ် စိတ်ဝင်စားမှုရှိပြီး ယုံကြည်လာအောင် စည်းရုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ပြောင်းလဲမှုများပြုလုပ်ရန်လိုကြောင်း၊ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအပေါ် အခက်အခဲများကိုလည်း ညှိနှိုင်းပေးရန်နှင့် လိုအပ်ချက်များရှိပါက မိမိတို့အနေဖြင့် တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကုန်စည်ဒိုင် အလုပ်အမှု‌ဆောင် အဖွဲ့ဝင်ကုန်သည်လုပ်ငန်းရှင်များကလည်း အရောင်းအဝယ်ပြုလုပ်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

DOCA(မန္တလေး)