သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ (၁၁း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါမြို့ရီနှင့်ဝန်ထမ်းများသည် ပျော်ဘွယ်မြို့၊ မြို့မဈေးခေါင်းရုံးတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ရှိ ယွန်းပညာကောလိပ်(ပုဂံ)တွင် (၂၇-၁-၂၀၂၃)ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီအချိန်၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန်ရည်ရွယ်လျက် အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁-၂-၂၀၂၃ ခုနှစ်၊ နံနက် (၉း၃၀) နာရီအချိန်တွင် ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမ၌ဖွင့်လှစ်သော အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာစာတွေ့လက်တွေ့သင်တန်းတွင် သင်တန်းသား/သင်တန်းသူ(၂၄)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမြင့်ကြည်(မြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည်(၂၈-၁-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော “အောင်မြင်သူ” ပဲကိတ်၊ လမုန့်၊ ဆီကြော်မုန့်၊ ပေါင်မုန့်နှင့် ကိတ်မုန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်သို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေပြီး မိမိတို့လ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွား ကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ ခရိုင်များ နှင့် မြို့နယ်များတွင် နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ဆောင်ရွက်လျက် ရှိပါသည်။