Main menu

ညောင်ဦးမြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ရှိ ယွန်းပညာကောလိပ်(ပုဂံ)တွင် (၂၇-၁-၂၀၂၃)ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီအချိန်၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန်ရည်ရွယ်လျက် အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးက စားသုံးသူ၏အခွင့်အရေးနှင့်အကျိုးစီးပွားကို ဥပဒေနှင့်အညီကာကွယ်ပေးခြင်း၊ စားသုံးသူ ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အကြောင်းအရာများအား အကျယ်တဝင့်ဟောပြောဆွေးနွေးရာ ကျောင်းသား/ကျောင်းသူများသည် သိရှိလိုသည်များအား မေးမြန်းခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါသည်။

          ဟောပြောဆွေးနွေးပွဲသို့ ယွန်းပညာရေးကောလိပ်မှ ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၆၀)ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ(၄)ဦး၊ စုစုပေါင်း(၇၉)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(မန္တလေး)