Main menu

တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းခေါင်းစဉ်ဖြင့် “Thursday Talk” ပြုလုပ်ခဲ့

Powered by Drupal

     ၁၅.၂.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် “Thursday Talk” အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲ၌ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က အဖွင့်စကားပြောကြားပေးပြီး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒု-ကြီးကြပ်ရေးမှူး ဦးနေလင်းမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ တိုင်ကြားမှု နှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၉)၊ ပုဒ်မ(၄၄) တွင် ပြဌာန်းထားသော တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ချက်တွင် စားသုံးသူတစ်ဦးဦး(မည်သူမဆို) နစ်နာဆုံးရှုံးမှုရှိခဲ့ပါက တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားရာတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားစာတစ်စောင်ရရှိပါက တိုင်ကြားမှုပုံစံတွင် ဖြည့်စွက်ရမည့်အကြောင်းအရာများ ပြည့်စုံ မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီးမှ မှတ်တမ်းတင်ထားရှိရမည်ဖြစ်ပါကြောင်း၊ တိုင်ကြားမှုများဖြေရှင်းရာတွင် လျှို့ဝှက်ရမည့်သတင်းအချက်အလက်များကို လျှို့ဝှက်အနေဖြင့် ဆောင်ရွက်ရပါကြောင်း၊ ပုဒ်မ(၁၅)၊ ပုဒ်မခွဲ(ဇ)အရ စစ်ဆေးရေးအရာရှိကတင်ပြလာသည့် စုံစမ်းစစ်ဆေးမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည့် တိုင်ကြားမှုများကို သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပါဖြစ်ကြောင်း၊ တိုင်ကြားစာဖြေရှင်းဆောင်ရွက်နေစဉ် မရိုးမဖြောင့်၍ဖြစ်စေ၊ မတရားသောနည်းလမ်းဖြင့်ဖြစ်စေ၊ မဟုတ်မမှန်လိမ်လည်တိုင်ကြားမှုများ စိစစ်တွေ့ရှိခဲ့ပါက တိုင်ကြားသူအား တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ပါကြောင်း၊ တိုင်ကြားစာ ဖြေရှင်းရေး ကိစ္စနှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်များကို နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေသူဘက်မှ ကျခံရမည်ဖြစ်ပါကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါသည်။

    ထို့နောက် ဝန်ထမ်းများမှလည်း သိရှိလိုသည်များကို  ပြန်လည်မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး “Thursday Talk” ဆွေးနွေးပွဲအား နေ့လယ် (၁၂:ဝဝ) အချိန်တွင် ရုပ်သိမ်းခဲ့ရာ ဆေးနွေးပွဲသို့ ဝန်ထမ်းစုစုပေါင်း (၁၅)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)