Main menu

ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

Powered by Drupal

              ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၌ ဝန်ထမ်းများ စွမ်းဆောင်ရည် ထက်မြက်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ (၂၆) ရက်နေ့ နှင့် (၂၇) ရက်နေ့များတွင် ဖျာပုံ၊ဘိုကလေး၊ကျိုက်လတ်၊ဒေးဒရဲမြို့နယ်များရှိ ဝန်ထမ်း (၁၉) ဦးအား ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ ထိရောက်စွာဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းပြောကြားပါသည်။

           ထို့နောက် ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်က သတင်း/ဆောင်းပါး ရေးသားရာတွင် အခြေခံပါဝင်သင့်သည့် အချက်များနှင့် သတိပြုရှောင်ကြဉ်သင့်သည့် အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဖြင့်လည်းကောင်း ဒေါကေသွယ်ဝင်း(ဦးစီးမှူး)က ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ များကိုလည်းကောင်း၊ ဒေါ်အိအိခိုင် (ဒုတိယဦးစီးမှူး)က မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းနှင့် ပက်သက်၍ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ ဒေါ်မိုးမိုးစံ (ဒုတိယဦးစီးမှူး)က ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့် သုတေသနဆိုင်ရာများကိုလည်းကောင်း၊ ဒေါ်သွင်မာလွင်(ဒုတိယဦးစီးမှူး)ကစီမံရေးရာလုပ်ငန်းများနှင့်ဝန်ထမ်းခွင့်အကြောင်းကိုလည်းကောင်းဆွေးနွေးပို့ချခဲ့ကြသည်။ သင်တန်းသား/ သူများ၏ မေးမြန်းမှုများ အပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)