Main menu

အသင့်စားမုန့်မျိုးစုံအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ဖျာပုံခရိုင် ဖျာပုံမြို့နယ်ရှိ အသင့်စားမုန့်မျိုးစုံအရောင်း ဆိုင်များအားစားသုံးသူရေးရာ ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီခန့်တွင် ဈေးကွက်အတွင််းရောင်းချနေသည့်အသင့်စားမုန့်မျိုးစုံတို့တွင် စားသုံးသူအခွင့် အရေးများအပြည့်အဝရရှိ စေရန်နှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သောအရည် အသွေးမြင့်မားသည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများကိုဖော် ဆောင်ဖြည့်ဆည်းနိုင်စေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

         အဆိုပါ အရောင်းဆိုင်များတွင် ရောင်းချနေသောမုန့်များ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၄၁)(၄၃)ပါကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီကုန်စည်တံဆိပ်၊ အရွယ်အစား၊ ပါဝင်ပစ္စည်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး( သို့မဟုတ် ) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်နှင့် ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြမှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

DOCA(ဧရာဝတီ)