သတင်းနှင့် လှုပ်ရှားမှုများ
နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၆-၁-၂၀၂၃) ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်မှုဖွံ့ဖြိူးတိုးတက်ရေးအတွက် ဌာနပေါင်းစုံမှ ဝန်ထမ်းများနှင့်စုပေါင်း၍ ဟောပြောဆွေးနွေးခြင်းများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၁၃_0.jpg?itok=01r_naO7)
စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်မည့် အစီအမံများ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/sagaing 1.jpg?itok=HsR3K2I4)
အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများသိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ယင်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၆_0.jpg?itok=1zry27iP)
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ လေးမျက်နှာအုပ်စု၊ လေးမျက်နှာကျေးရွာရှိ တန် (၂၀) ကျ ဆန်စက်၏ ကြိတ်ခွဲ၊ ထုတ်လုပ်တင်ပို့နေမှုအခြေအနေကို (၂၆-၁-၂၀၁၃) နေ့တွင် စက်ပိုင်ရှင်နှင့်တွေ့ဆုံပြီး ဒေသအလိုက်စက်လည်ပတ်နေမှုအား မေးမြန်းဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၅_0.jpg?itok=HKR8B1VQ)
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၅-၁-၂၀၂၃) ရက်နေ့တွင် စားသုံးဆီကြိတ်ခွဲထုတ်လုပ်ရောင်းချ နေသော ဇီးကုန်းမြို့နယ် သမဝါယမအသင်းလီမိတက်ဆီစက်သို့သွားရောက်၍ ဆီစက်၏ ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုနှင့် ကုန်ကြမ်းရရှိမှုအခြေအနေတို့အား ကွင်းဆင်းဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၃_0.jpg?itok=M4NLqXzS)