သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်စျေးတာဝန်ခံများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် (၀၉၃၀) အချိန်တွင် သာစည်မြို့နယ်၊ မြို့မစျေးအတွင်းရှိ လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည်(၁၆.၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ (၉)ရပ်ကွက်၊ ဦးမြင့်ရွှေ၏ “မင်းသားပေါင်မုန့်”လုပ်ငန်းနေ့အိမ်၌ မုန့်မျိုးစုံဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ(၁၅)ရက်နေ့၊နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ညီနောင်ဝ ကျေးရွာရှိ တိုးတက်လင်းဆန်စက်သို့ သွားရောက်၍ ဆန်စက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးဝယ်ယူမှုအခြေအနေ၊ ဆန်ကြိတ်ခွဲတင်ပို့မှုအခြေအနေ၊ ဈေးနှုန်း/ဈေးကွက်အခြေအနေများနှင့် စပါးခွံမီးသွေးတောင့်ထုတ်လုပ်ဖြန့်ဖြူးနေမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၇.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်းရှိ စက်သုံးဆီရောင်းချနေသောဆိုင်များအနေဖြင့် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့များအတွက် ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၈ ရက်နေ့ ၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ တဂူသိမ်စျေးအတွင်းရှိ စားသောက်ကုန်မျိုးစုံ အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။