သတင်းနှင့် လှုပ်ရှားမှုများ
ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင် ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးသန်းဝင်း (ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၁၉-၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရသေ့တောင်မြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၇-၁-၂၀၂၃) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မအူပင်မြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်ဆိုင်များအား မိတ်ဖက်ဌာနဖြစ်သော FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခ
(၁၇.၁.၂၀၂၃) နေ့ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် အောင်ဟိတ်ကျေးရွာရှိ အခြေခံပညာအလယ် တန်းကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ရေး မိတ်ဖက်ဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့နှင့်အတူ လူငယ် အသိ ပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၁၈-၁-၂၀၂၃)ရက်နေ့ နံနက်(၁၁:၃၀)နာရီက ဝါးခယ်မမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဆေးဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၁၈-၁-၂၀၂၃)ရက်နေ့ မွန်းလွဲ(၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Center ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။