Main menu

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ ဆေးဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် (၁၈-၁-၂၀၂၃)ရက်နေ့ နံနက်(၁၁:၃၀)နာရီက  ဝါးခယ်မမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ဆေးဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိရောင်းဝယ်နေသော အိမ်သုံးဆေးများ ဆေးမပြတ်လပ်မှုမရှိစေရေး သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး၊ သက်တမ်းလွန်ဆေးဝါးများ၊ လိုင်စင်မဲ့ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ လုပ်ငန်းရှင်များအား ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ လုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)