Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jan 2023

        ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်သူလယ်သမားများသည် လယ်ယာမြေများ တွင် မိုးရာသီတွင် စပါးကိုအဓိကအားထားစိုက်ပျိုးပြီး ဆောင်းရာသီတွင် မတ်ပဲနှင့် နွေစပါးကို အဓိက ထား၍ စိုက်ပျိုးကြပါသည်။

      ဖြူးဒေသတွင်စိုက်ပျိုးသည့် မိုးစပါးမျိုးကွဲများမှာ ဆင်းသုခ၊ မနောသုခ၊ ရတနာတိုး၊ ဧရာမင်း၊ ပခန်းရွှေဝါ၊ နှံကောက်၊ ငစိန်၊ ကောက်ညှင်းနှင့် GW-11  တို့ဖြစ်ပါသည်။ စပါးစိုက်ဧက ပေါင်း (၁၅၀၈၂၆) ရှိရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးသွားပြီး ဖြစ်ပါသည်။

23 Jan 2023

       သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ နည်းပညာတက္ကသိုလ် (တောင်ငူ)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တောင်ငူမြို့၊ နည်းပညာတက္ကသိုလ် (တောင်ငူ) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန် တက်ရောက်၍ အဖွင့်အမှာစကားပ

23 Jan 2023

         စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း၌ (၁၇.၁.၂၀၂၃) ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးအောင်သိန်း ၊ ခရိုင် စားသုံး/ ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ ၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို ၊ မူဝါဒ ဌာနခွဲတာဝန်ခံ ဒေါ်ဝေဝေဖြိုးတို့ပါဝင်သောအဖွဲ့သည် ဆရာ/ဆရာမ (၉)ဦး ၊ ကျောင်းသား/ကျောင်းသူ ၁၂၅ ဦး ၊ စုစုပေါင်း (၁၃၄)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။

23 Jan 2023

       တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် စပါးစိုက်ဧကပေါင်း (၈၀၇၃၀) ရှိပါသည်။ မိုးစပါးများ ရိတ်သိမ်းပြီးစီးချိန်တွင် ပျမ်းမျှ (၇၂.၄၆) တင်း ရာခိုင်နှုန်းခန့်ထွက်ရှိကြောင်း သိရှိရသဖြင့် စပါးတင်း ၅၈ သိန်းခွဲခန့် ထွက်ရှိပါသည်။

      ရေတာရှည်မြို့နယ်အနေဖြင့် လူဦးရေ (၂၂၀၃၆၂) ခန့်ရှိသဖြင့် မျိုးစပါး၊ အလေအလွင့်နှင့် စားသုံးမှုအတွက် ချန်လျှင် စပါးတင်း ၂၂ သိန်း ပိုလျှံမည် ဖြစ်ကြောင်း သိရှိရပါသည်။

23 Jan 2023

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေး နှင့် ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုလွင်တို့သည် ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် မြောက်နန်ချွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

Pages