သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ မြို့မရပ်ကွက် စည်ပင်သာယာဈေးအတွင်း၌ တရားမဝင် အိမ်သုံးဆေးဝါးများနှင့် စားသောက်ကုန်အမှတ်တံဆိပ်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိကို ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ နေ့လယ်အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးတာဝန်ခံ ၊ ပြည်တွင်းတာဝန်ခံ တို့နှင့်အတူ ၁၉.၁.၂၀၂၃ ရက်နေ့တွင် ညောင်လေးပင်ခရိုင်တွင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသော ရွှေခေတ်မုန့်မျိုးစုံ လုပ်ငန်းပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့ပါသည် ။
စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင် ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ် လက်ထောက်ပညာရေးမှူးတို့နှင့် ပူးပေါင်း၍ ၁၉.၁.၂၀၂၃ ရက်နေ့ ၊ နံနက်ပိုင်းကဒိုက်ဦးမြို့ ၊ အလကခွဲ ၊ အမှတ် (၆) တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ရာ ဆရာ /ဆရာမများနှင့်ကျောင်းသားကျောင်းသူ ၁၆၅ ဦးတက်ရောက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးသည် အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးကူညီလျက်ရှိပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဈေးကွက်ရရှိစေရေး အတွက်လည်း စားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာန ၊ ကျောက်တံခါးမြို့နယ်တာဝန်ခံ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောက်တံခါး မြို့နယ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်သားပြည်စုံမှန်ကန်စွာဖော်ပြနိုင်ရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသောကုန်စည်များအားဈေးကွက်အတွင်း ရောင်းချခြင်းမပြုစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၇.၁.၂၀၂၃) ရက်နေ့နှင့် (၁၈.၁.၂၀၂၃) ရက်နေ့တို့တွင် မော်လမြိုင်ခရိုင်ဦးစီးမှူးဦးဆေ