Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Jan 2023

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs ဒေသထုတ်ကုန် ကုန်စည်ပြပွဲနှင့် Talk Show စကားဝိုင်းကို (၁၆.၁.၂၀၂၃)နေ့ နံနက် (၉)နာရီအချိန်တွင် ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့အတူ ဒေသထုတ်ကုန် ကုန်စည်ပြပွဲအား ပြည်မြို့ယဉ်ကျေးမှုပြဇာတ်ရုံ၌ (၁၅.၁.၂၀၂၃) နေ့မှ (၁၇.၁.၂၀၂၃) နေ့အထိ (၃)ရက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

24 Jan 2023

     မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင် ဦးဆောင်သော ဝန်ထမ်းနှင့်အဖွဲ့သည် (၁၇.၁.၂၀၂၃) ရက်နေ့က မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၈)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် ရွေးချယ်ဝယ်ယူအသုံးပြု

24 Jan 2023

      မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင် ဦးဆောင်သော ဝန်ထမ်းနှင့်အဖွဲ့သည် (၁၇.၁.၂၀၂၃) ရက်နေ့က မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂)၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်း စရာများအားဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ က

24 Jan 2023

      (၁၇.၁.၂၀၂၃)ရက်နေ့နံနက်(၈)နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိပြည်နယ်ခန်းမ၌ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ပြုလုပ်ခဲ့ရာ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချူပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

24 Jan 2023

     မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၈.၁.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ် နိုင်းပလှိုင်း‌ကျေးရွာ တို့တွင်လည်းကောင်း ၁၈.၁.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ ဂွေးကုန်းကျေးရွာလည်းကောင်း၊ ၁၈.၁.၂၀၂၃ ရက်နေ့တွင် ချောင်းဆုံမြို့နယ် ကော့မုပွန်(ဘီးလူးကျွန်း)တို့တွင်လည်းကောင်း၊ ကုမ္ပဏီမှဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

Pages