Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Jan 2023

      ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁၆ ) ရက်နေ့ နံနက်( ၁၀:၃၀ )နာရီအချိန်တွင်  ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်ရှိ( အမှတ်- ၈၇ )ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ဆရာ/ဆရာမ ( ၂၈ ) ဉီးနှင့် ကျောင်းသား/ သူ ( ၅၂ ) ဦး၊ စုစုပေါင်း ( ၈၀ )ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။ဟောပြောပွဲ၌ ကျွန်းရွှေဝါရပ်ကွက်ရှိ( အမှတ်-၈၇ )ကျောင်းမှ ဆရာကြီး ဉီးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဖောင်းပြင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဉီးကျော်သန်းစိန်  (ဒု-ဉီးစီးမှူ

18 Jan 2023

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ဆေးဆိုင်များ၌ ရောင်းချလျှက်ရှိသော ဆရာဝန်ညွှန်ကြားချက်မလိုသောဆေးဝါးများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/မရှိကို ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

18 Jan 2023

       ဖြူးမြို့ ထန်းကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

18 Jan 2023

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲတာဝန်ခံများဖြစ်ကြသော ဦးမင်းဇော်နှင့် ဦးစောသန်းထိုက်ကျော်တို့သည် ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့်အတူ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ဆွာမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီး ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

18 Jan 2023

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစီးမှူး ဦးမင်းဇော်သည် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကုန်သွယ်ရေးငွေစုငွေချေးသမဝါယမအသင်းမှ အမှုဆောင်များအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ‌ဒေါ်ဂျုံစီဒေးဗစ်နှင့် အသင်းအလုပ်အမှုဆောင် ၁၅ ဦး တက်ရောက်ခဲ့ပါသည်။

Pages