သတင်းနှင့် လှုပ်ရှားမှုများ
ကုန်အညွှန်းအမှတ်အသား(label)ဆိုတာ သတင်းအချက်အလက်ဖြန့်ဝေခြင်းပါဘဲ၊ ကိုယ်သိထားတဲ့ အချက်အလက်နှင့် အကြောင်းအရာများကို တစ်ဦးတစ်ယောက် (သို့) အများသိအောင် ဖြန့်ဝေခြင်းပါ။ သတင်းဆိုသည့်နေရာတွင် မဖြစ်မနေသိဖို့လိုအပ်တဲ့ သတင်းရှိသလို သိဖို့မလိုအပ်တဲ့ သတင်း ဆိုတာမျိုးလည်း ရှိနေပြန်ပါသေးတယ်။ ကမ္ဘာကျော် ရှိတ်စပီးယား ရေးထားတဲ့ ဝတ္ထုထဲ က ဇာတ်ကောင်နှစ်ဦးအကြောင်း ပြန်ပြောင်းပြောရမယ်ဆိုရင် ဂျူးလီယက်ရဲ့ သေဟန်ဆောင် တဲ့သတင်းဟာ ရိုမီယိုထံ ရောက်ဖို့ နောက်ကျလေတော့ ချစ်သူနှစ်ဦးစလုံး သေဆုံးရတဲ့ အ
6 Jan 2022 အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ စာသုံးသူကာကွယ်ရေး ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နစ်နာဆုံးရှုံးမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးမှုများနှင့်စပ်လျဉ်း၍ အလွယ်တကူသိရှိလေ့လာနိုင်စေရန်အတွက် အာဆီယံစာသုံးသူကာကွယ်ရေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ လက်စွဲစာအုပ် (ASEAN Handbook on Consumer Protection Laws and Regulations) ကို ဒုတိယအကြိမ်အဖြစ် ပြင်ဆင်ထုတ်ဝေထားပါသည်။ အဆိုပါ လက်စွဲစာအုပ်အား ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့ပြီး၊ ယ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်ရေးအတွက် ကြိတ်ခွဲမည့် ဆန်စက်နှင့်သိုလှောင်ရုံများအားဖိတ်ကြား၍ အသိပညာပေးဆွေးနွေးပွဲအား ၂၃.၁၂.၂၀၂၁ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
နစ်နာဆုံးရှုံးမှုများအတွက် ကုစားခွင့်ဆိုတာကြီးကို ကမ္ဘာကသိစေဖို့အစပြုခဲ့တာကတော့ ဟန်မူရာဘီ ကိုဓဥပဒေပါ၊ ကမ္ဘာ့ပထမဦးဆုံး တရားစီရင်ရေးဥပဒေလို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ဘေဘီလုံမြို့ကြီးရဲ့ အရှင်သခင် ဟန်မူရာဘီ ဘုရင်ကြီးရေးသားပြုစုခဲ့တဲ့ ဟန်မူရာဘီ ကိုဓဥပဒေ (Code of Hammurabi) ထဲမှာ “သွားတစ်ချောင်း ဆုံးရှုံးမှုအတွက် သွားတစ်ချောင်း”၊ “မျက်လုံး တစ်လုံး ဆုံးရှုံးမှုအတွက် မျက်လုံးတစ်လုံး” ဆိုပြီး ဆုံးရှုံးမှုနှင့် တန်းတူပြန်ပေးရတဲ့ ကုစားခွင့် (သို့) လျော်ကြေး ပြန်ပေးရတယ်ဆိုတာ လူ
၂၀၂၁ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်နေ့၊မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်အစားအသောက် နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ဖြစ်ကြသော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်စသော သက်ဆိုင်ရာဌာန/ အဖွဲ့များပူးပေါင်းပြီး မြိတ်မြို့၊ ကလွင် ကျေးရွာအုပ်စု၊ စည်ပင်အမှိုက်စွန့်ကန်၌ AA Medical Product Co,ltd(Myeik)မှ သက်တမ်း ကုန်နေသော ဓါတုဆေးဝါးများနှင့်ပျက်စီးဆေး