သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးမင်းဇော်ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဇန်နဝါရီလ (၂၃) ရက်န့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဖျာပုံမြို့တွင်းရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များတွင် စက်ဆီ၊ချောဆီများအား ရေသန့်ဘူးများ၊ပြည်တွင်းထုတ်ဘူးများ၊ တရားမဝင်တင်သွင်းသည့်ကုန်အမှတ်တံဆိပ်များနှင့်ဆင်တူ ရိုးမှားကပ်နှိပ်၍ အရည်အသွေးစံမမီသည့် စက်ဆီချောဆီများ ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်တပင် (အ-မ-က)ကျောင်း၌ စားသုံးသူကာကွယ်အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ လွိုင်ကော် တက္ကသိုလ် Theatre ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက် ခဲ့ရာ အဆိုပါဟောပြောဆွေးနွေးပွဲတွင်လွိုင်ကော်တက္ကသိုလ်မှပါမောက္ခချုပ်၊ သရုပ်ပြဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက် နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်ရှိကိတ်မုန့်၊ ပေါင်မုန့်စသည့် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များသို့ စီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကွက်မတင်မီနှင့်ဈေးကွက်တင်ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များဖြင့် ပူ