သတင်းနှင့် လှုပ်ရှားမှုများ
ပေါက်ပန်းဖြူပင်သည် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ သဘာဝအလျောက် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်ပါသည်။ ပေါက်ပန်းဖြူနှင့် ပေါက်ပန်းနီဟူ၍ (၂)မျိုးရှိပြီး ဆေးဖက်ဝင်သောပေါက်ပန်းဖြူမှာ လူသိများ၍ ထင်ရှားပါသည်။ ပေါက်ပန်းဖြူရွက်ကို ကျေးလက်ဒေသနှင့် မြို့နေလူတန်းစားများသည် တို့စရာအဖြစ် စားသုံးမှုများပါသည်။ အပင်လတ်အမျိုးအစားဖြစ်၍ အကိုင်းအခက်များ များပြားပါသည်။ အရွက်မှ ာရွက်ပေါင်းဖြစ်ပြီး အရွက်ရင်းနှင့် အရွက်ထိပ်ပိုင်းမှာ ဝိုင်းပါသည်။ ပန်းတစ်ခိုင်လျှင် အပွင့်(၂)ပွင့်မှ (၄)ပွင့်အထိပ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မဲဇလီကုန်းမြို့ရှိ “ရွှေခြင်္သေ့” စက်သုံးဆီအရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေး ရည်ရွယ်၍ (၁၀.၁.၂၀၂၂)နေ့၊ ညနေ (၄:၀၀)နာရီအချိန်တွင် ပြည်မြို့၊ ကမ်းနားလမ်းရှိ ညဈေးတန်းသို့သွားရောက်၍ အစားအသောက် ရောင်းချနေသော ဈေးဆိုင်ပိုင်ရှင်များအနေဖြင့် နှာခေါင်းစည်း၊ လက်အိတ်နှင့်ခေါင်းစွပ်များ ဝတ်ဆင်အသုံးပြု၍ ရောင်းချခြင်းများရှိစေရေးအတွက် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး
စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့်ပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးရည်ရွယ်၍ စားသုံးသူအသိပညာပေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျှက်ရှိရာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၁၀.၁.၂၀၂၃) နေ့၌ အ.မ.က (ကြက်ဖြူတောင်)၊ (၁၁.၁.၂၀၂၃)နေ့၌ အ.လ.က (ခလရ-၁၄)၊ ပန်းတောင်းမြို့နယ်တွင် (၁၀.၁.၂၀၂၃) နံနက်ပိုင်း၌ မူလွန်(နတ်မောက်)၊ နေ့လည်ပိုင်း၌ အ.မ.က(ရွှေညီနောင်) စသည့် အခြေခံပညာကျောင်းများ