Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Jan 2023

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ၌ ၁၀.၁.၂၀၂၂ ရက်နေ့က စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိ ရပါသည်။

16 Jan 2023

       ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲများကို တစ်လလျှင် ကျေးရွာ(၁၀)ရွာရွေးချယ်ပြီး ထွေ/အုပ်၊ စိုက်ပျိုးရေး၊ တိမွေးကု၊ ဆည်မြောင်း၊ မြေစာရင်း၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်လမ်း ဦးစီးဌာန၊ ပညာရေး၊ ဥပဒေနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လစဉ်ဆွေးနွေးပွဲများ ဆောင်ရွက်လျှက်ရှိရာ ၉.၁.၂၀၂၃ ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန် ၊ ပြည်မြို့နယ် သဲကုန်း အုပ်စု၊ ကုန်းသာကျေးရွာ ဘုန်းကြီးကျော

16 Jan 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၁၁.၁.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်မြို့နယ် ၊ အ.ထ.က (၄)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၁၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါ သည်။

16 Jan 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး၊ ဦးဝင်းနိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်း၍ သံတွဲမြို့၊ ငပလီ အ.ထ.က စာသင်ကျောင်း၌  (၁၁-၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  စားသုံးသူကာကွယ်ရေး အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

13 Jan 2023

    ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး၊ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင် (၁၀) ဆိုင်အား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင် Diclon-M Tablet (Diclofenac Sodium 50mg, Paracetamol 500g) ပုံစံတူ ဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်

Pages