Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Jan 2023

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီက မော်ကျွန်းမြို့နယ် တပ်ကွင်းအမကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

16 Jan 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၁.၂၀၂၃) နေ့ (၀၉:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့ အနောက်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ရေး မိတ်ဖက်ဌာန တိုင်းရင်းဆေးပညာဦးစီးဌာနနှင့်အတူ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြပါသည်။

16 Jan 2023

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၁၂)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၃)ဆိုင်အား စားသုံးသူရေးရာ ဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံနှင့်ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌ

16 Jan 2023

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင်  ဖတ်သောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူပြည်သူ(၂၅)ဦးအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

16 Jan 2023

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဌာနမှဆောင်ရွက်လျက် ရှိသောလုပ်ငန်းများကိုသိရှိနိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည် ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာရှိ နဒီမြန်မာဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးန

Pages