သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်မြို့၊ ဇန်နဝါရီ (၃၀) ရက်
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၉.၁.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြို့မရပ်ကွက်၊ ပြန်/ဆက်ရုံးခန်းမ၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ၁/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ၂၅.၁.၂၀၂၃ရက်နေ့ နေ့လည်၁၄:၀၀နာရီတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင် ၄ဦး၊ ဖိတ်ကြားထားသူ(၃)ဦးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ၇ ဦး စုစုပေါင်း ၁၄ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် (၂၄.၁.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီမှ(၁၂:၀၀)နာရီအထိ ဘုရားလေးကွင်း ကျေးရွာရှိ ဦးကျော်လွင်အုန်းဆံကြိုးစက်ပိုင်ရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် နတ်ချောင်း(အ-မ-က)ကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသူ/ကျောင်းသားများကို စားသုံးသူကာ ကွယ်ရေးအသိပညာပေးဟောပြောပွဲကိုကျင်းပြုလုပ်ခဲ့ပါသည်။