Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Jan 2023

         မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏ လမ်းညွန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့် နှင့်ဝန်ထမ်း များသည် (၁၁.၁.၂၀၂၃)ရက်နေ့ နေ့လည့် (၁၃:၃၀)နာရီအချိန်တွင် အကောက်တည်းရပ်၊ မြို့ပတ်လမ်းရှိ  ပဲကြော်၊ မြေပဲဆီကြော်ပြုလုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

16 Jan 2023

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှစစ်ဆေးရေးမှုးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့ နေ့လယ် (၁:၀၀)အချိန် တွင် တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်အတွင်းရှိ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း(၃)ခုအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

16 Jan 2023

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်  အိမ်မဲမြို့နယ်၊ တာဝန်ခံ ဦးလေးလွင်နှင့်ဝန်ထမ်းများသည် (၁၂.၁.၂၀၂၃)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီတွင်  ချောင်းဝရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

16 Jan 2023

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည်(၁၂.၁.၂၀၂၃) ရက်နေ့ နံနက်(၀၉:၀၀)နာရီကလပွတ္တာမြို့၊ အမှတ်(၃)ရပ်ကွက်၊ အထက(၃) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

16 Jan 2023

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများ သည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ ညနေ (၁၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရီးစရိတ်အကြောင်းသိကောင်းစရာများနှင့် စပ်လျဉ်း၍ ဝန်ထမ်းများအား “ခရီးစရိတ်အကြောင်းသိကောင်းစရာများ ခေါင်းစဉ်” ဖြင့် Thursday Talk အသိပညာပေး ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်း ဝန်ထမ်း ( ၃၃ ) ဦးတက်ရောက်ခဲ့ပါသည်။

Pages