Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
13 Jan 2023

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေး ရေးမှူးများနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန် တွင် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)အတွင်းရှိ အမဲခေါက်၊ ဝက်ခေါက်လုပ်ငန်းတို့ကို ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

13 Jan 2023

စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ကျော်မိုးလွင်သည် ၁၂.၁.၂၀၂၃ ရက်နေ့ နံနက် ၁၀း၀၀နာရီအချိန်တွင် မိုးညှင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် နှင့်ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

13 Jan 2023

ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်) သည် ၁၂.၁.၂၀၂၃ ရက်နေ့(၁၀:၃၀)နာရီမှ (၁၁:၃၀)နာရီအချိန်ထိ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ အမှတ်(၁၁)အခြေခံပညာမူလတန်းစာသင်ကျောင်းတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

13 Jan 2023

မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်တွင် ၁၀.၁.၂၀၂၃ ရက်နေ့နံနက် (၁၀:၀၀) နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ငါန်းဇွန်မြို့ ပေါ်ရှိ ဆေးဝါးရောင်းချသောဆေးဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

13 Jan 2023

ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေး အရာရှိများသည် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကျောက်ဆည်ခရိုင် ဦးစီးမှူးရုံး လက်အောက်မြို့နယ်များရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ထိုသို့ စစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက စျေးနှုန်းသက်သာသော အရည်အသွေးနိမ့်မြေသြဇာများကို ထိုင်းနိုင်ငံပြည်တွင်းသုံး မြင်းပျံအိတ်ခွံ များဖြင့် ပြန်လည်ထုပ်ပိုးပြီး အိုင်စီပီမြင်းပျံ မြ

Pages