Main menu

ဘက်စုံအသုံးဝင်သည့် ပေါက်ပန်းဖြူ

Powered by Drupal

      ပေါက်ပန်းဖြူပင်သည် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ သဘာဝအလျောက် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်ပါသည်။ ပေါက်ပန်းဖြူနှင့် ပေါက်ပန်းနီဟူ၍ (၂)မျိုးရှိပြီး ဆေးဖက်ဝင်သောပေါက်ပန်းဖြူမှာ လူသိများ၍ ထင်ရှားပါသည်။ ပေါက်ပန်းဖြူရွက်ကို ကျေးလက်ဒေသနှင့် မြို့နေလူတန်းစားများသည် တို့စရာအဖြစ် စားသုံးမှုများပါသည်။ အပင်လတ်အမျိုးအစားဖြစ်၍ အကိုင်းအခက်များ များပြားပါသည်။ အရွက်မှ ာရွက်ပေါင်းဖြစ်ပြီး အရွက်ရင်းနှင့် အရွက်ထိပ်ပိုင်းမှာ ဝိုင်းပါသည်။ ပန်းတစ်ခိုင်လျှင် အပွင့်(၂)ပွင့်မှ (၄)ပွင့်အထိပါရှိပါသည်။ အပွင့်မှာ အဖြူနှင့်အနီဟူ၍ (၂)မျိုးရှိပြီး အသီးမှာ အတောင့်ရှည်၍ အစေ့များစွာရှိပါသည်။ မြန်မာ့စားစရာတို့စရာများထဲတွင်ာ ပေါက်ပန်းဖြူပွင့်ကို ကြော်စား၊ ချက်စား၊ ပြုတ်စား၊ သုတ်စား၊ ဟင်းချိုချက်ခြင်းတို့ဖြင့် မျိုးစုံပြုလုပ်၍ စားသုံးကြပါသည်။

      ပေါက်ပန်းဖြူပင်ကို ရန်ကုန်မြို့တွင် တွေ့ဖူးသူနည်းပါးပြီး နယ်ဘက်များတွင် နေရာအတော်များများ၌ ာပေါက်ရောက်ကြပါသည်။ ပွင့်ဖက်မှာအသားထူပြီး အပွင့်မှာတွဲလွဲပွင့်ပါသည်။ အနံ့မရှိဘဲ ပေါက်ပန်းနီကိုတော့ ပေါက်ပန်းဖြူကဲ့သို့ များများစားစားတွေ့ရခြင်းမရှိပါ။ ပေါက်ပန်းဖြူပင်မှာ အရွက်သာမက အပွင့်၊ အစေ့၊ အခေါက်၊ အစေး၊ ဥနှင့်အမြစ် စသည့် အစိတ်အပိုင်းများလည်း ဆေးဖော်စပ်ရာတွင် အသုံးဝင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)