
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင် ထွန်း(အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင် ၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများနှင့်ပူးပေါင်းပြီး (၉.၉.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင်ရန်ငြိမ်းလမ်း၊(၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ် အောင်ဇဗ္ဗူ စားသုံးဆီရောင်းဝယ်ရေး စားအုန်းဆီလက်လီရောင်းချမှုအခြေအနေများကို သွားရောက်၍ ကွင်း ဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချနေမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအ နေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)