၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ( ၁၆ ) ရက်နေ့ နံနက်( ၁၀:၃၀ )နာရီအချိန်တွင် ဖောင်းပြင်မြို့၊ ကျွန်းရွှေဝါရပ်ကွက်ရှိ( အမှတ်- ၈၇ )ကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် ဆရာ/ဆရာမ ( ၂၈ ) ဉီးနှင့် ကျောင်းသား/ သူ ( ၅၂ ) ဦး၊ စုစုပေါင်း ( ၈၀ )ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။ဟောပြောပွဲ၌ ကျွန်းရွှေဝါရပ်ကွက်ရှိ( အမှတ်-၈၇ )ကျောင်းမှ ဆရာကြီး ဉီးဇော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဖောင်းပြင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဉီးကျော်သန်းစိန် (ဒု-ဉီးစီးမှူး)က အစားအသောက်များကို ဝယ်ယူရာတွင် သတိပြုရမည့်သိကောင်းစရာများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲအခမ်းအနားကို နေ့လယ် ( ၁၁:၃၀ ) အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)