Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Jan 2023

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ဖောင်းပြင်မြို့၊ စည်ပင်သာယာဈေးအတွင်းရှိ  ကုန်စုံဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသည့် စားသောက်ကုန်များအနက် Very Good အမှတ်တံဆိပ်ပါ တရားမဝင်ကော်ဖီမစ်များ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

23 Jan 2023

         စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ( ၁၉.၁.၂၀၂၃ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  Diclon – M ( Diclofenac Sodium 50mg, Paracetamol 500 g ) အမှတ်တံဆိပ်ပုံစံကို တုပ၍ ‌ရောင်းချနေသော ဆေးဝါးများ  ရှိ/မရှိ သွားရောက်

23 Jan 2023

     စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၉.၁.၂၀၂၃ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာ စွမ်းဆောင်ရည်တိုးတက်လာစေရန် Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် သတင်း၊ဆောင်းပါးရေးသားမှုဆိုင်ရာခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။

23 Jan 2023

        စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် ၁၉.၁.၂၀၂၃ ရက်နေ့ နေ့လယ် ၁၀း၀၀နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ ပင်းဟဲကျေးရွာအတွင်းရှိ စားသုံးသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

23 Jan 2023

       မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်သာစည်မြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်စျေးတာဝန်ခံများနှင့်ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် (၀၉၃၀) အချိန်တွင် သာစည်မြို့နယ်၊ မြို့မစျေးအတွင်းရှိ လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်များသို့ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပပါသည်။

Pages