Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Dec 2021

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင် ရန်ကုန်တိုင်းဒေသကြီးမှ အောက်ဖော်ပြပါ ငှားရမ်းခြင်းများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်-

              (က) () နှစ်သက်တမ်း ငှားရမ်းခြင်း                                                                   

15 Dec 2021

      ၁၂.၁၂.၂၀၂၁ ရက်နေ့၊ ကရင်ပြည်နယ် ဘားအံမြို့၊ ထုံးအိုင်စံပြကျေးရွာ၌ နေ့လည် (၀၂း၃၀) နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး (ဒုတိယညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် သောက်ရေသန့်လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေးနှင့် လုပ်ငန်းများစနစ်တကျ ရေရှည်လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၏ စည်းမျဉ်း/ စည်းကမ်းများကို လိုက်နာခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ထုံးအိုင်လမ်းမကြီးရှိ

15 Dec 2021

       ၁၂.၁၂.၂၀၂၁ ရက်နေ့တွင် ကရင်ပြည်နယ်ဘားအံမြို့ ထုံးအိုင်စံပြကျေးရွာ၊ အ.မ.က(၂) ကျောင်း၌ ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး (ဒုတိယညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

15 Dec 2021

     အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကျေးအဖွဲ့ဝင်များပါဝင်သည့် ခရိုင်ဆေးဝါး နှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်ရောင်းချနေသော ဆေးဆိုင်များသို့ ၁၀-၁၂-၂၀၂၁ရက်နေ့နှင့် ၁၁-၁၂-၂၀၂၁ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရသည်။

15 Dec 2021

      စားသုံးသူရေးရာဉီးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်ဉီးစီးမှူးရုံး၌ ၉.၁၂.၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ အချိန်တွင် ကုန်စည်များပေါ်တွင် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages