Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Dec 2021

        စားသုံးသူရေးရာဦးစီးဌာန၊  ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  အရာထမ်း/အမှုထမ်းများသည် ဒေသအတွင်းရှိ စားသုံးသူပြည်သူများ  အစားအသောက်ဘေးအန္တရာယ်  ကင်းရှင်းစေရေးနှင့် ကုန်စည်များအပေါ် စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ရေးအတွက် ဒေသအတွင်း ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးလျက်ရှိပါသည်။

16 Dec 2021

             ပဲခူးမြို့တွင် ဒေသထွက်ကုန်အနေဖြင့် ငါးချဉ်လုပ်ငန်းအား တနိုင်တပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြပြီးပဲခူးမြို့အခြေပြု ထုတ်လုပ် ရောင်းချသော ငါးချဉ်အမှတ်တံဆိပ်များတွင် ပဲခူး(မနီ)၊ အေးမိစံ၊ ကမ္ဘာကျော်၊ ကောင်းထက်စံ၊ ပဲခူးအောင်၊ မမွန်လေး၊ မနိုင်၊ ကျော်ကြား၊ ရွှေဟင်္သာစသည့် တံဆိပ်အသီးသီးဖြင့် ထုတ်လုပ်လုပ်ကိုင်လျက်ရှိကြရာ လုပ်ငန်းရှင်(၂၀)ဦးကျော် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

16 Dec 2021

         ပဲခူးတိုင်း‌ဒေသကြီးအတွင်း ပဲခူးခရိုင်အနေဖြင့် မတ်ပဲစိုက်ဧကမှာ ၁၂၆၇၉၁ ဧက ရှိပြီး ပဲခူးခရိုင် (၈)မြို့နယ်တွင် ကျောက်တံခါးမြို့နယ်သည် မတ်ပဲစိုက်ဧကအများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ရာ မတ်ပဲစိုက်ဧက (၆)သောင်းကျော် စိုက်ပျိုးလျက်ရှိသည်။ ယခုစိုက်ပျိုးကာလတွင် မတ်ပဲမျိုး တစ်တင်း လျှင် ၅၅,၀၀၀ကျပ် ရှိပြီးပဲစိုက်တောင်သူများအနေဖြင့် တစ်ဧကလျှင် စိုက်ပျိုးစရိတ် ၂၉၀,၀၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပြီး တစ်ဧကလျှင်ပျမ်းမျှအားဖြင့် တင်း ၁၀ - ၁၈ တင်းထွက်ရှိကြောင်း သိရှိရပါသည်။ မတ်ပဲကို နိုဝ

16 Dec 2021

       ပဲခူးတိုင်းဒေသကြီးတွင် ကြံစိုက်ဧက၅သောင်းကျော် စိုက်ပျိူးလျှက်ရှိပြီး တောင်ငူခရိုင်အနေဖြင့် ၂သောင်းဝန်းကျင်ခန့် စိုက်ပျိုးလျှက်ရှိကြောင်းနှင့် ယခုဒီဇင်ဘာလတွင် စတင်ခုတ်သိမ်းနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ တောင်ငူခရိုင်တွင် ပုဂ္ဂလိကပိုင် သကြားစက်များအနေဖြင့် ရေတာရှည်မြို့နယ်တွင်  အောင်ချမ်းသာသကြားစက်နှင့် မြို့လှ သကြားစက်၊ အုတ်တွင်းမြို့နယ်တွင် ဗောဓိကုန်းသကြားစက်၊ ဖြူးမြို့နယ်တွင် ဇေယျဝတီ ဆင်ဖြူတော်သကြားစက် စုစုပေါင်း သကြားစက် ၄စက် ရှိကြောင်းသိရှိရပါသည်။

15 Dec 2021

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးရုံးမှ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်အတွက် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လွိုင်ကော်မြို့၊ သီရီမင်္ဂလာဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများ ရှိ/မရှိကို သက်ဆိုင်ရာမိတ်ဖက်ဌာနဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

Pages