သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၁:၀၀ နာရီအချိန်တွင် မုဒုံမြို့ အခြေခံပညာ အမက(မူလွန်)ကော့ခလွယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား စားသုံးသူရေးရာဦးစီးဌာနနှင့်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၈-၁-၂၀၂၃)ရက်နေ့၊ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ ဘုရားကိုင်ရပ်၊ စိန်ပန်းပြာလမ်းရှိ Hello အမှတ်တံဆိပ် ပေါင်းမုန့်အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၆၆.jpg?itok=uQ0Gsu0H)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအသိပညာပေး ဆောင်ရွက်လျက်ရှိရာတွင် ကျေးရွာများသို့ သွားရောက်၍ ကျေးလက်နေပြည်သူများအားလည်း အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တီကွင်းစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ အဖွဲ့မှူးဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် (၁၈-၁-၂၀၂၃)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၆၅.png?itok=KArzUfle)
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်သူလယ်သမားများသည် လယ်ယာမြေများ တွင် မိုးရာသီတွင် စပါးကိုအဓိကအားထားစိုက်ပျိုးပြီး ဆောင်းရာသီတွင် မတ်ပဲနှင့် နွေစပါးကို အဓိက ထား၍ စိုက်ပျိုးကြပါသည်။
ဖြူးဒေသတွင်စိုက်ပျိုးသည့် မိုးစပါးမျိုးကွဲများမှာ ဆင်းသုခ၊ မနောသုခ၊ ရတနာတိုး၊ ဧရာမင်း၊ ပခန်းရွှေဝါ၊ နှံကောက်၊ ငစိန်၊ ကောက်ညှင်းနှင့် GW-11 တို့ဖြစ်ပါသည်။ စပါးစိုက်ဧက ပေါင်း (၁၅၀၈၂၆) ရှိရာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီးစီးသွားပြီး ဖြစ်ပါသည်။