Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Jan 2021

       စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်အတွင်း ဝဥအခြောက်ခံစက်ရုံ(၆)ရုံသို့ သွားရောက်လေ့လာခဲ့ရာ မွန်ပြည်နယ်ဒေသအတွင်းတွင် စိုက်ပျိုးသည့် သဘာဝ ဝဥ ထုတ်လုပ်မှုတိုးတက်လာခြင်းကြောင့် စက်ရုံများအနေဖြင့် ဝဉကို ယခင်နှစ်ထက် ပိုမိုဝယ်ယူရရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကုန်ကြမ်းပိဿာချိန် ၈၉၀,၀၀၀ခန့် ဝယ်ယူရခဲ့ပြီး ယခုနှစ်တွင် ၁,၀၃၀,၀၀၀ ပိဿာချိန် ဝယ်ယူရရှိခဲ့ရာ ပိသာချိန်(၁၀၄,၀၀၀)ခန့်  ပိုမိုတိုးတက် ဝယ်ယူရရှိခဲ့ကြောင်း၊ သို့ရာတွင်လည်း ဈေးနှုန်းအနေဖြင့် ၂၀၁၉ခုနှစ် ရာသီအစ

15 Jan 2021

နေပြည်တော်၊ (၁၅.၁.၂၀၂၁)

       အိမ်သုံးလျှပ်စစ်နှင့်အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးအန္တရာယ်လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရေးအတွက် စည်းမျဉ်း ရေးဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂) အစည်းဝေးခန်းမ၌ ကျင်းပသည်။

15 Jan 2021

ဇီဝဇိုးငှက်သိုက်

            တနင်္သာရီတိုင်းဒေသကြီးသည် သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံတောင်ဘက်ဆုံးတွင် တည်ရှိ သည့် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပါသည်။ သဘာဝသယံဇာတများတွင် ထူးခြားသည့် ထွက်ကုန်များ ထွက်ရှိ ရာ ဒေသလည်းဖြစ်ပြီး ထိုအထဲတွင် မြန်မာနိုင်ငံတောင်ဘက်စွန်းဒေသ ကျောက်တောင်များတွင် ထွက်ရှိသည့် ဇီဝဇိုးငှက်၏အန်ဖက်(သို့မဟုတ်)ငှက်သိုက်သည် ဆေးဖက်ဝင်ထူးခြားသည့် ထွက်ကုန်တစ်မျိုးဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌သာ အဓိကထွက်ရှိပါသည်။

15 Jan 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) အရ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် သဘာဝအပင်များအနက် စီးပွားရေးအလို့ငှာ မျိုးပွားစိုက်ပျိုးခြင်း ပြုလုပ်နိုင်သော သဘာဝအပင်အမျိုးအမည်များကို သတ်မှတ်ကြေငြာသည့် အမိန့်ကြော်ငြာစာအား အောက်ပါ .pdf ဖိုင်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages