Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Sep 2020

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့ပါဝင်သည့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တောင်ငူခရိုင်၌ ၁၆.၉.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီ တွင်လည်းကောင်း၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ၁၈.၉.၂၀၂၀ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင်လည်းကောင်း၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ၂၁.၉.၂၀၂၀ ရက်နေ့ နေ့လယ် (၂းဝဝ)နာရီတွင်လည်းကောင်း

14 Sep 2020

       စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm တွင် ပါဝင်သည့် စားသုံးသူတိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစနစ်အသစ် (upgrade consumer complaint system) အား ၂၀၂၀ပြည့်နှစ်စက်တင်ဘာလ ၁ရက်နေ့မှ စတင်၍ အသုံးပြုလျက်ရှိပါသည်။

12 Sep 2020

နေပြည်တော်၊ စက်တင်ဘာ ၁၂ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သော စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောသည်။

09 Sep 2020

    စီးပွားရေးလုပ်ငန်းရှင်များသည် COVID-19 ကာလအတွင်း ရောဂါကာကွယ်ရေးအတွက် လိုအပ်သော ပစ္စည်းများ ရောင်းချခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများက ထုတ်ပြန်ထားသည့် ဉပဒေ၊ စည်မျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် အရေးကြီး အသုံးများသော Mask များဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုရန်နှင့် ပစ္စည်း ပြတ်လပ်မှု မရှိစေ ရေး စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။

08 Sep 2020

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ( ၁ )ရက်နေ့တွင် ဖရူဆိုမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ ကုန်စုံဆိုင်များ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါး များနှင့်အခြေခံစားသုံးကုန်အမျိုးမျိုးအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူး ခြင်းရှိ/မရှိကို ဖရူဆိုမြို့နယ်ကုန်ဈေးနှုန်းထိန်းချုပ်ရေးလုပ်ငန်းကော်မတီနှင့် ပူးပေါင်း၍ ဈေးကွက် စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်

Pages