Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
02 Sep 2020

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဒေါ်ခင်မြတ်မူ ဦးဆောင်သောအဖွဲ့သည် ၂၅.၈.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှှိိဆေးပစ္စည်းဆိုင်(၁၄)ဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နှင့်ပူးပေါင်း၍  ရှောင်တခင် စစ်ဆေးခဲ့ပါသည်။

02 Sep 2020

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ  စစ်ဆေးရေးအရာရှိ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ဝင်း ဦးဆောင်သောအဖွဲ့သည် ၂၀.၈.၂၀၂၀ ရက်နေ့(၁၀:ဝ၀) နာရီတွင် ဆားတောင်မြို့မဈေး အတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊နှင့်ပူးပေါင်း၍  ရှောင်တခင် စစ်ဆေးခဲ့သည်။

02 Sep 2020

         ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးအဖွဲ့သည် ၂၁.၈.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရပါသည်။

28 Aug 2020

ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသော စနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်အလို့ငှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါ အမှတ်တံဆိပ်ပိုင်ရှင်များအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရန် အမိန့် ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လို

27 Aug 2020

        ကချင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ  ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော  စစ်ဆေးရေးမှူးတို့သည် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ  စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူး၊ ရောင်းချ၊ တင်သွင်း၊ထုတ်လုပ်သည့် နေရာများသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို ၍ တွဲလျက်ဖြစ်စေ ဖော်ပြမှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် ဥပဒေနှင့်ညီည

Pages