Main menu

ကျိုက်မရောမြို့၊ အမှတ်(၂)မူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်

Powered by Drupal

          ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် ကျိုက်မရောမြို့နယ် အမှတ်(၂)အခြေခံပညာ အ.မ.က(မူလွန်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ပါသည်။

      ဟောပြောဆွေးနွေးပွဲတွင် ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မြတ်မှ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့၏အကြောင်းအရာများကိုလည်းကောင်း၊  ကျိုက်မရောမြို့နယ်ပညာရေးဦးစီးဌာနမှ ကျောင်းနေကလေးများ စာဖတ်နှုန်းမြင့်တင်ရန်ကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပါသည်။  ဟောပြောပွဲ၌ ဆရာ၊ ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်သူများအား စားသုံးသူကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)