Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Aug 2020

      စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  စားသုံးသူရေးရာကော်မတီဥက္ကဌနှင့်တကွ ကော်မတီဝင်များ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

27 Aug 2020

          ကယားပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော စားသောက်ကုန် လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ၁၇-၈-၂၀၂၀ ရက်နေ့ မှ ၂၀-၈-၂၀၂၀ ရက်နေ့အထိ လွိုင်ကော်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူ စုစုပေါင်း( ၂၁ )ဦး တက်ရောက်ခဲ့ပါသည်။

27 Aug 2020

   (၁၉-၈-၂၀၂၀) ရက်နေ့နှင့် (၂၀-၈-၂၀၂၀) ရက်နေ့တွင် ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ သနပ်ခါးအမည်ခံအလှကုန်များတွင် စာသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ စေျးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

26 Aug 2020

        မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့ပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ၂၀.၈.၂၀၂၀ ရက်နေ့တွင် ကျိုက်မ​ရောမြို့နယ်၊ မြို့​ပေါ်ရပ်ကွက်များ​ရှိ ထမင်းဆိုင်၊စား​သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကုန်ဆုံဆိုင်များတွင် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ​ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် လိုက်လံစစ်​ဆ

26 Aug 2020

        ဝဥစိုက်ပျိုးမှုအကြောင်း သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲကို ဘီးလင်းမြို့နယ်၊ “မြင့်” စိုက်ပျိုးရေးဥယျာဉ်ခြံ၌ ၂၀.၈.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က တက်ရောက်ခဲ့ပြီး ဝဥစိုက်ပျိုးထုတ်လုပ်မှုပညာရှင် ဦးလှသိန်း (ဘုရားကြီး) က ကောင်းမွန်သော ဝဥစိုက်ပျိုးမှုနည်းလမ်း၊ မျိုးဥရွေးချယ်မှုနည်းလမ်း၊ စိုက်ပျိုးမှုနည်းစနစ်၊ သွင်းအားစုများအကြောင်း၊ ဝဥကုန်ချောထုတ်လုပ်မှုအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဆွေးနွေ

Pages