သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင်သည် (၂၀.၁၂.၂၀၂၂)ရက်နေ့နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ဒုခရိုင်ဦးစီးမှူးသည် (၂၃.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ မီးသတ်ဦးစီးဌာနရုံး၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင် (၁၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။
လိမ္မော်သီးကို လွန်ခဲ့သောနှစ်ပေါင်များစွာမှစ၍ ယနေ့အထိ စိုက်ပျိုးစားသုံးခဲ့ကြပါသည်။ လိမ္မော်အချိုမျိုးကို ရုက္ခဗေဒအလိုအရ စစ်ထရပ်ဆီနင်ဆစ်ဟုခေါ်၍ အခါးမျိုးကို စထရပ်အော်ရန်တီယမ်ဟုခေါ်ပါသည်။ တောင်တရုတ်ပင်လယ်နှင့်အင်ဒိုချိုင်းနားတို့သည် လိမ္မော်သီး မူလစိုက်ပျိုးရာဒေသများဖြစ်သည်။ ဆောင်းဦးကာလသည် လိမ္မော်သီးလှိုင်လှိုင်ပေါသောကာလလည်းဖြစ်ပါသည်။ အခြားဒေသများတွင်လည်း အောက်တိုဘာလမှမတ်လအထိသည် လိမ္မော်သီးဖြစ်ထွန်းပေါများသော ကာလဖြစ်ပါသည်။ လိမ္မော်သီးသည် အရောင်တောက် တောက်ဖြစ်ပြီး ပူပြင်းသောဒေသသို့ရောက်သ
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ လယ်တော်အဝေးပြေးစစ်ဆေးရေးဂိတ်တွင် ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့မှူးဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် (၂၃.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ်ဦးစီးမှူးသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆.၁၂.၂၀၂၂)ရက်နေ့နေ့လယ် (၁၄:၀၀)နာရီက မြောင်းမြမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာရောင်းချနေသော သိုလှောင်ရုံများရှိ ဓါတ်မြေဩဇာများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။