Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
14 Mar 2022

               ၁၀.၃.၂၀၂၂ရက်နေ့တွင် ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်(၃)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

14 Mar 2022

               စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဦးသန်းစိုး(ဦးစီးအရာရှိ) ဦးဆောင်သော ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် (၁၀း၃၀)နာရီအချိန်တွင်  သာစည် မြို့၊အမှတ်(၇)ရပ်ကွက်၌ ထုတ်လုပ်တင်သွင်းရောင်းချနေသော Rainbow ပေါင်မုန့်/ကိတ်မုန့်လုပ်ငန်းသို့ သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

14 Mar 2022

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် (၂၈.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀) အချိန်တွင် ပျော်ဘွယ်မြို့နယ်ရှိ ရွှေလီနှင့် Petro-K စက်သုံးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

14 Mar 2022

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁.၃.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် ပျော််ဘွယ်မြို့ မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

14 Mar 2022

              စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့်  ရမည်းသင်းမြို့နယ် (ရန်ကုန်-မန္တလေး) ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ( ၂၅ .၂.၂၀၂၂) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ၊ ဦးသန်းစိုးနှင့် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများသည် စည်ပင်သာယာရေးဝန်ထမ်းနှင့်အတူ MK Energy စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ စက်သုံးဆီများအား အထူးစျေးနှုန်းဖြင့်ရေ

Pages